Today(ဒီနေ့)


Today(ဒီနေ့)
ဖေမြ  ။လာဗျာ- ထိုင်- ဒီတစ်ခေါက်မြို့တက် သွားတာ ဘာများထူးလာခဲ့လဲ ကိုသာလှရဲ့- ဝေငှစမ်းပါဦးဗျာ။
သာလှ။  ။ဘာထူးမှာလဲဗျာ- စိတ်လေစရာတွေချည်းပါပဲ။
ဖေမြ  ။“ယူလာစရာ သတင်းကောင်းမဟုတ်လို့ ပြောဖို့စကားစဆွံ့အ ကာ၊ရင်ထဲမှာပြန်လည်စီစဉ်ရင်း--”ဆိုတဲ့ ကိုတိုးကြီးရဲ့သီချင်းထဲကလိုဖြစ်နေပြီပေါ့။
သာလှ။  ။အေးဗျာ- ကိုတိုးကြီးကိုလည်းသတိရတယ်၊ ကိုတိုးကြီးရဲ့သီချင်းတွေကိုလည်း သတိရတယ်။
ဖေမြ  ။ကျေးဇူးပဲ ကိုတိုးကြီးရေ- ကျုပ်တို့ရဲ့ ခြောက်သွေ့တဲ့ညာဉ်များမှာ ကိုတိုးကြီးရဲ့ သိင်္ဂါရ ရသကိုမှီဝဲရင်း ဖြတ်ကျော်ခဲ့ခြင်းခွင့်အတွက်ပေါ့။
သာလှ။  ။ငြိမ်းချမ်းခြင်း မင်္ဂလာကို ကိုတိုးကြီးနဲ့အတူ ပို့ဆောင် ကောင်းကြီးပေးတဲ့ ဘုရားရှင်ရဲ့မေတ္တာကိုချီးမွမ်းပါတယ်။
ဖေမြ  ။ဟာလေလူးယာပါ ဘုရားသခင်။
သာလှ။   ။ယူလာတာ သတင်းကောင်းမဟုတ်တဲ့သတင်းကတော့ ဆရာစောဝင်းတစ်ယောက် သေနတ်နဲ့ အပစ်ခံရတယ်ဆိုတဲ့သတင်းလေ။
ဖေမြ  ။ဟေ- ဘယ်ကဘယ်လို- ဘယ်သူကဘာနဲ့ပစ်တယ်။
သာလှ။  ။သူအမေရွာ သွားပြီး မော်တော်ဆိုင်ကယ်နဲ့ပြန်အလာ လမ်းမှာသေနတ်နဲ့ အပစ်ခံရတာတဲ့။ အဲဒါနဲ့ မြို့ဆေးရုံကိုရောက်လာတယ်၊ တော်တော်နာသွားတယ်ဗျာ၊ သေတော့မသေသေးဘူး။
ဖေမြ  ။ကျေးဇူးတော်ခံစားရပါစေဗျာ။
သာလှ။ ။ ကျုပ်လည်း မြို့မကဆရာတော်တွေ၊ဂေါပကတွေနဲ့လိုက်သွားတာ၊ မြင်ရတာမြင်ကွင်းမကောင်းပေမယ့် ကျုပ်အတွက်တော့ ခွန်အားအများကြီးရခဲ့တယ်-ကိုဖေမြ။
ဖေမြ။ ။ဘာများလဲဗျာ။
သာလှ။  ။ကျုပ်တို့ရောက်တော့ ဗူးတွေမနည်းဘူးဗျာ ချိတ်ထားလိုက်တာ- အောက်စီဂျင်၊ သွေး၊ဆေး၊ဆီး၊သွေးပုပ်ထုတ်၊ အို-စုံနေတာပါပဲဗျာ၊ ထိသွားတာကတော့ အရိုး၊ အူ၊ အသည်း၊ အဆုတ်၊ ဒိုင်ယာဖရမ် တစ်ချက်တည်းနဲ့အားလုံးစားတယ် ဆိုသလိုပဲ။ လူနာရဲ့မျက်နှာလေးကတော့လှန်းနေသေးတယ်ဗျာ ကျေးဇူးတော်ပါပဲ- စကားကောင်းကောင်းပြောနိုင်တယ်၊ နေရတာလည်းသက်တောင့်သက်သာရှိနေပါတယ်တဲ့၊ အဲဒါနဲ့ အကျိုးအကြောင်းလည်းကောင်းကောင်းပြောနိုင်တယ်၊ ဖြစ်ပျက်ခဲ့တာတွေအားလုံးမှတ်မိတယ်၊ သူမသိတာက သူ့ကိုဘာကြောင့်သေနတ်နဲ့ပစ်တာလဲ တစ်ခုပါပဲတဲ့။
ဖေမြ  ။နားထောင်ရတာနဲ့ စိတ်မောသွားတာပါပဲ ကိုသာလှရာ။
သာလှ။  ။ဆရာတော်က သူ့အတွက်ဆုတောင်းပေးပြီးတာနဲ့ သူမျက်လုံးကပေကလပ်ပေကလပ် လုပ်နေတယ်၊ ကျုပ်သိတာပေါ့ ကျုပ်က လာကတည်းကတစ်ချိန်လုံး သူ့ကိုပဲဖတ်နေတာ- သူဝမ်းသာဝမ်းနည်းဖြစ်ပြီးငိုချင်သွားတာ ကျုပ်သိနေတယ်၊ ဆုတောင်းခြင်းအားဖြင့်သူ့ကိုသတိရမှုအတွက်ပေါ့၊ နိုင်ငံတော်ရဲ့ဟီးရိုးတွေလည်း လူတွေပါပဲ၊ နောက်ပြီးသူမကြောက်ဘူးဆိုတာကလည်း ကျုပ်သိနေတယ် အဲဒါကကို ကျုပ်အတွက်သူ့ဆီက သင်ရန်စာတွေ ခွန်အားတွေရခဲ့တာပဲ။
ဖေမြ  ။ဒါနဲ့။
သာလှ။  ။အားပေးစကားလေး ဘာလေးပြောပြီးပြန်လာခဲ့ကြတာပေါ့ဗျာ။ ပြန်တဲ့လမ်းမှာ ကျုပ်က သူငယ်ချင်းတစ်ယောက်ကို စကားပြောဖြစ်တယ်၊ ပြောတဲ့စကားကတော့ “ငါ - လူနာကို သိပ်မေးချင်နေတဲ့ စကားတစ်ခွန်းရှိတယ် နင်ကြောက်နေလားလို့ပါ၊ အဲဒါ ငါမမေးဖြစ်လိုက်ဘူးကွာ အားနာလို့” ဆိုပြီး သူ့ကိုပြောပြတယ်။ အဲဒါနဲ့ သူကဘာပြန်ပြောသလဲသိလား။
ဖေမြ  ။“ကိုယ့်အလှည့်ကျမှ ကိုယ်ပြန်မေး။” မဟုတ်လား။
သာလှ။  ။ဟားဟားဟားဟား- ဟုတ်သမှ သိပ်ဟုတ် ကိုဖေမြရေ- ခင်ဗျားပြောတာနဲ့ တစ်ထပ်တည်း တစ်လေသံတည်းပဲ။
ဖေမြ  ။အဲဒါနဲ့ ခင်ဗျားသိပ်ကြောက်သွားတယ်မဟုတ်လား။
သာလှ။  ။ကြောက်သွားတယ်- စဉ်းစားရင်းနဲ့ကို ကျုပ်ကြောက်သွားတာ။
ဖေမြ  ။ဒါနဲ့။
သာလှ။  ။ဒါနဲ့- ဟို Rock သီချင်းတစ်ပုဒ်အမည်ကိုပြေးသတိရမိတယ်၊ ဘာတဲ့ “Is the final countdown?” ပါ။
ဖေမြ  ။ဒါဆိုရင်လည်း တစ်လုံးထပ်ဖြည့်ပေးလိုမယ်လေ၊ ဘာတဲ့ “Is the final countdown,today? တဲ့ today နော် today ဟဲဟဲ။

God Bless You
Brother Aung