တမလွန်အတွက်စိတ်ချမှု
သာလှ။ ။ကျုပ်စိတ်ထဲ ဘာရှိလဲ သိလား ကိုဖေမြ။
ဖေမြ။ ။ဘယ်သိမလဲ ကိုသာလှရဲ့။
သာလှ။ ။ဒါဆို နည်းနည်းညံ့သေးတယ်။
ဖေမြ။ ။သိနေတာတစ်ခုက ခင်ဗျား ကျုပ်ကိုညစ်ပတ်ချင်နေပြီ။
သာလှ။ ။ဟုတ်တယ် ဒါကြောင့်နည်းနည်းပဲညံ့တယ်လို့ပြောတာ။
ဖေမြ။ ။နည်းနည်းပဲညံ့ရင် များများကြီးတော်နေမှာပေါ့ နော်-
ကိုသာလှ။
သာလှ။ ။အဲလိုမျိုး တော်တယ်လို့ တယ် မပြောချင်ဘူး။
ဖေမြ။ ။အဲဒါကြောင့်ပြောတာပေါ့ ညစ်ပတ်ချင်နေပါတယ် လို့။
သာလှ။ ။ဒါနဲ့ ဘုရားသခင်က လူတွေရဲ့စိတ်ကိုသိလား။
ဖေမြ။ ။သိပ်သိတာပေါ့ ကိုသာလှ၊ သူဖန်ဆင်းထားတာတွေပဲဟာကို။
သာလှ။ ။ဒါဆို စာတန်ရော လူတွေရဲ့စိတ်ကိုသိနိုင်လား။
ဖေမြ။ ။ဘယ်သိနိုင်မလဲ၊ သိမယ်ဆိုရင် ယောဘ ကို ကစားတဲ့ပွဲမှာ
သူ နိုင်မှာပေါ့။ ဒါပေမယ့် ခန့်မှန်းလို့ရပါတယ် Formatတို့ Body languageတို့
Mental languageတို့ ကြည့်ပြီးတော့ပေါ့၊ အဲဒီ Behaviorတွေက ခန့်မှန်းလို့တော်တော်ကောင်း။
သာလှ။
။ယောဘကြီးက ဘုရားသခင်ကို သိပ်ယုံတယ်နော်။
ဖေမြ။ ။ဘုရားသခင်ကလည်း ယောဘကြီး ကို ယုံတယ် စိတ်ကိုသိနေတာကိုး။
သာလှ။ ။စာတန်မာရ်နတ် ကတော့ မနာလို မရှုစိမ့် ဖြစ်နေတော့မှာပဲ။
ဖေမြ။ ။မဖြစ်ပါဘူးဗျာ- စာတန်ဟာ ဘုရားရဲ့ လက်ခုပ်ထဲကရေပါ၊
ယောဘ၀တ္ထုဟာ ဘုရားသခင်က ကျုပ်တို့ကို ဆုံးမဖို့အတွက်ပါ။
သာလှ။ ။အမယ်လေးလေ-ကိုဖေမြရယ်- ယောဘကြီးလို စာတန်ရဲ့လက်ချက်နဲ့
ပစ္စည်းဥစ္စာလည်း ဆုံး၊ မိသားစုလည်းသေ၊ ရောဂါလည်း ဘယပွ၊ အပေါင်းအသင်းကလည်း စိတ်ညစ်ပေး၊
ပတ်ဝန်းကျင်ကလည်း နှင်ထုတ်၊ အမယ်လေး- ကိုယ်ချင်းစာကြည့်တာ စိတ်ကူးထဲတောင်မကောင်းဘူး။
ဖေမြ။ ။အဲဒါ အခရာမဟုတ်ဘူး ကိုသာလှရဲ့၊ ဘုရားသခင်အခွင့်ရှိလို့သာ
စာတန်မာရ်နတ်က ယောဘကြီးကို စုံစမ်းနှောင့်ယှက်ခွင့်ရတာပါ။
သာလှ။ ။ယောဘကြီးတောင် ခံနိုင်ရည်မရှိလို့ မမွေးဖွါးခင်
ဗိုက်ထဲမှာကတည်းက သေရရင် အကောင်းသား လို့ ငြီးတွားခဲ့သေးတယ် မဟုတ်လား။
ဖေမြ။ ။ငြီးတာက ငြီးတာပဲလေ- ဒုက္ခတွေတစ်လှေကြီးနဲ့ ဆက်တိုက်အနားမရှိ
ကြုံနေရတာကိုး၊ သူကSuperman မဟုတ်ဘူးလေ ရိုးရိုးလူပဲဟာကို၊ ဒါပေမယ့် သူ ဘုရားကိုမပြစ်မှားဘူး၊
ဘုရားပေးတဲ့ သုခကို ခံစားပြီး ဒုက္ခကျတော့လည်း ခံစားသင့်တယ်တဲ့ ကျေးဇူးတော်လို့တောင်
အောက်မေ့လိုက်သေးတယ် ကိုသာလှရဲ့။
သာလှ။ ။အေးဗျာ- ဆင်ခြင်ပြီး နှလုံးသွင်းသင့်လှပါတယ်။
ဖေမြ။ ။ဘာကြောင့် အဲဒီလောက် ဒုက္ခတွေ့နေတာတောင် ကျေးဇူးတော်ချီးမွမ်းနိုင်ရတာလဲ။
သာလှ။ ။မသိဘူးဗျ- ဒါပေမယ့် ဟိုထင်ဒီထင် လျှောက်ပြောလို့တော့
ရတာပေါ့လေ။
ဖေမြ။ ။ဥစ္စာဓန နှင့် ခန္ဓာကို ဖျက်လိုက်ရင် ဘုရားအပေါ်ထားတဲ့
ယောဘကြီးရဲ့ သဘောထား ဟာ ပျက်ယွင်း သွားလိမ့်မယ်လို့ စာတန်မာရ်နတ်ရဲ့ တွက်ကိန်းလွဲချော်သွားတာ
ဘာကြောင့်လဲ။
သာလှ။ ။အင်မတိအင်မတန်တော်ပါတယ် ဆိုတဲ့ စာတန်မာရ်နတ်ရဲ့
တွက်ကိန်း လွဲချော်ခဲ့တာ ဘာကြောင့်လဲ။
ဖေမြ။ ။အိမ်ပြန်ဖို့ အတွက်လေ။
သာလှ။ ။ဘာ “အိမ်ပြန်ဖို့”။
ဖေမြ။ ။ဟုတ်တယ်- နာပြီးတော့သေမယ်၊ သေရင်ဘယ်ရောက်မလဲ၊ ဘုရားသခင်ဆီပဲရောက်မှာပေါ့-
သူကဘုရားကိုယုံတယ်လေ သူကဘုရားရဲ့လူလေ၊ သူစိတ်ထဲမှာ အိမ်ရောက်တော့မယ်လို့ တွေးတွေးပြီး
ပျော်နေလောက်တယ် ကိုသာလှ။
သာလှ။ ။တမလွန်အတွက် စိတ်ချမှု ပေါ့လေ။
ဖေမြ။ ။ဟုတ်တယ် အဲဒါနဲ့ စာတန်တွက်ကိန်း လွဲခဲ့ရတာပဲ။
သာလှ။ ။အောင်ပန်းကို ဆုပ်ကိုင်ရတော့မှာမို့ ယောဘကြီး မကြောက်တာကိုး။
ဖေမြ။ ။ဘုရားသခင်ရဲ့ ယောဘကြီးနဲ့စာတန် တို့အားဖြင့် ဖွင့်လှစ်ဖေါ်ပြတော်မူခြင်း
ကို ကျေးဇူးတင်ပါ ကိုသာလှ။
သာလှ။ ။ကျေးဇူးတင်ပါတယ်- ဘုရားသခင်။
God Bless You
Brother Aung