မွေခံထိုက်စေ
သာလှ။ ။ရွာထဲမှာ လူငယ်တွေပြောနေကြတယ်။
ဖေမြ။ ။ဘာပြောနေကြတာလဲ။
သာလှ။ ။ကယ်တင်ခြင်း ရရှိပြီးတဲ့သူတစ်ယောက်ဟာ အပြစ်လုပ်ရင်
အပြစ်မဖြစ်တော့ဘူးဆို။
ဖေမြ။ ။ခက်နေပါပြီကော- ပညတ်တရားအကြောင်း ကျုပ်အများကြီးပြောခဲ့ဖူးပါတယ်
ကိုသာလှရဲ့။
သာလှ။ ။ကျုပ်ကတော့ မေ့တေ့တေ့ဖြစ်နေပြီထင်ပါရဲ့။
ဖေမြ။ ။ပညတ် ဆိုတာ တားမြစ်ချက်လေ ကိုသာလှရဲ့။
သာလှ။ ။ဟုတ်ပါရဲ့- ကျုပ်ကမေ့တတ်လိုက်တာ မှ လွန်ရော နော်-ကိုဖေမြ။
ဖေမြ။ ။သန့်ရှင်းမြင့်မြတ်ပါတယ် ဆိုတဲ့သူတစ်ယောက်က ခင်းဗျားရဲ့ပါးကို
ဟောသလို ဟောသလို ဖြန်းကနဲ-
သာလှ။ ။အမယ်လေး- အမယ်လေး မလုပ်ပါနဲ့ဗျာ။
ဖေမြ။ ။ကျုပ်က လက်တွေ့ပြမလို့ဟာ- ဟဲဟဲ။
သာလှ။ ။ပြောရုံနဲ့လုံလောက်ပါတယ် ကိုဖေမြရယ် ပြတော့မပြပါနဲ့
ကြောက်ပါသေးရဲ့ဗျာ။
ဖေမြ။ ။အဲလိုရိုက်လိုက်ရင် ခင်ဗျားသူ့ကို ကိုယ်ထိလက်ရောက်မှုနှင့်
တရားစွဲလို့ရတယ် မဟုတ်လား။
သာလှ။ ။ရတယ်လေ ဥပဒေ ရှိနေတာကိုး၊ ပြန်ရိုက်လို့တောင်ရသေး-
ခုခံကာကွယ်ပိုင်ခွင့်ဥပဒေနဲ့လေ ဟဲဟဲ။
ဖေမြ။ ။Sin Evolutionလာမရှုပ်နဲ့ဦး။
သာလှ။ ။ဆောရီးဗျာ-ဆောရီး။
ဖေမြ။ ။ဝက်စာစားတဲ့သူဌေးသားပုံပြင် ထဲက နောင်တနဲ့ဖအေဆီပြန်နေတဲ့သူဌေးသား
နောက်ထပ်တစ်ခါ အပြစ်မပြုလုပ်နိုင်တော့ဘူးလား။
သာလှ။ ။လုပ်မှာပါပဲ ခြေနှစ်ချောင်းနှင့်နားရွက်တိုပဲဟာ။
ဖေမြ။ ။ဂလာတိသြ၀ါဒစာ၎ အငယ်၉ ထဲမှာ- “ယခုမူကားသင်တို့သည် ဘုရားသခင်ကို သိပြီးမှဟူ၍ မဆို၊ ဘုရားသခင်
သည် သင်တို့ကို သိတော်မူပြီးမှ၊ အားမရှိ၊ ချမ်းသာမပေးနိုင်သော တရားနုဘက်သို့ အဘယ်ကြောင့်တဖန်ပြောင်းလဲ
ကြသနည်း။ ထိုလောကီတရား၌ တဖန်ကျွန်ခံခြင်းငှါ အလိုရှိကြပြီတကား။” တဲ့ နောင်တရလိမ္မာပြီးတော့လည်း
နောက်ထပ်တစ်ခါ မိုက်ချင်ပြန်သေးတယ်နော်။
သာလှ။ ။ဟုတ်တယ်နော်- ကျုပ်တို့တွေကလည်း အမှားတစ်ခုနောက်တစ်ခု
ပြီးမပြီးနိုင်ဘူး။
ဖေမြ။ ။တစ်ကယ်ဆို ဒုစရိုက်ထဲနစ်မွန်းနေသူတွေကိုတောင်မှ
ဆွဲထုတ်ကြရဦးမှာ- ကိုသာလှ၊ ဂလာတိ(၆း၁)မှာ ဖတ်ကြည့်ပါဦး “ညီအစ်ကိုတို့၊ လူသည်သတိလစ်၍ တစုံတခုသောဒုစရိုက်ကိုပြုမိလျှင်၊ ဝိညာဉ်ဆုကျေးဇူးကိုခံရသော
သင်တို့သည် အပြစ်သွေးဆောင်ခြင်းနှင့် ကိုယ်တိုင်လွတ်မည်အကြောင်း၊ ကိုယ်ကိုသတိပြုလျက်
သိမ်မွေ့နူးညံ့သော သဘောနှင့် ထိုသို့သောသူကိုမစ၍၊ သူ၏ နေရာ၌ တည်မြဲတည်စေပြန်ကြလော့။”
တဲ့ ကိုသာလှရေ-။
သာလှ။ ။ဟုတ်တယ်နော်- လူတွေကလည်းဗျာ စိတ်ရှုပ်ပါရဲ့၊ ကယ်တင်ခြင်းရပြီးတဲ့သူ
သန့်ရှင်းသူတွေဆိုပြီးတော့ဗျာ တွန်း တွန်းချနေကြတယ်။
ဖေမြ။ ။“အကြင်သူသည် ဘာမျှမဟုတ်
ဘဲလျက်၊ ဤမျှလောက်ငါဖြစ်သည်ဟု စိတ်ထင်လျှင်၊ ထိုသူသည် ကိုယ်ကိုလှည့်ဖြားသောသူဖြစ်၏။”
တဲ့ ဂလာတိ(၆း၃)ကပြောတာ။
သာလှ။ ။ကယ်တင်ခြင်းဆုကျေးဇူးဆိုတာနဲ့ အဆင့်အတန်းခွဲခြားတဲ့သူတွေတော့
အပြစ်ဖြစ်နေပါပြီ၊ အဖေ့ဆီပြန်ရောက်တဲ့ သူဌေးသားတွေ နဂိုထက် နဂိုင်းမြင့်နေကြပြီ။
ဖေမြ။ ။“အလွဲမယူကြနှင့်။
ဘုရားသခင်သည် မထီမဲ့မြင်ပြုခြင်းကိုခံတော်မမူ။ လူသည်မျိုးစေ့ကြဲသည်အတိုင်းအသီးအနှံကို
ရိတ်ရလိမ့်မည်။” တဲ့ ဂလာတိ(၆း၇)ကပြောတယ်။
သာလှ။ ။ခက်ပါရဲ့ဗျာ။
ဖေမြ။ ။အပြစ်လုပ်တဲ့သူဌေးသား နောက်ဆုံးဘာလုပ်သလဲ။
သာလှ။ ။သူအဖေကိုတောင်းပန်တယ်ဗျာ။
ဖေမြ။ ။ဟုတ်တယ် အပြစ်ပြုခဲ့မိရင် ကျုပ်တို့ ဘုရားသခင်ဆီမှာ
ဝန်ချတောင်းပန်ရမယ်။
သာလှ။ ။အဲဒါက အခရာပဲနော်။
ဖေမြ။ ။ဘုရားသခင်ဟာ ကြီးမြတ်သောမေတ္တာရှင်ပါ။
သာလှ။ ။စိုက်ခဲ့တာလေးတွေ ပြန်ရုပ်သိမ်းဖို့ ခံနိုင်ရည်ခွန်အားကို
တောင်းခံရဦးမယ်။
ဖေမြ။ ။အမွေခံထိုက်စေ ဗျာ။
သာလှ။ ။အမွေခံထိုက်မှာပါ။
ဖေမြ။ ။ဂလာတိ(၄း၁-၂)နဲ့ အားပေးပါရစေဗျာ။
“တဖန်တုံ၊
အမွေခံမည်သည်ကား၊ ဥစ္စာရှိသမျှကိုပိုင်ထိုက်သောသူဖြစ်သော်လည်း၊ အရွယ်မရောက်မှီ ကာလပတ်လုံး
အစေအပါးကျွန်နှင့်တူ၏။ အဘစီရင်နှင့်သော အချိန်ကာမရောက်မှီတိုင်အောင် အစောင့်အထိန်း
အအုပ်အချုပ်တို့လက်၌ ရှိ၏။” အာမင်။
God Bless You
Brother Aung