ခလေးတွေကြည့်နေတယ်


ခလေးတွေကြည့်နေတယ်
သာလှ။   ။သားသမီးတွေရဲ့ အနာဂတ်ကို တွေးမိရင် ရင်မောတယ် ကိုဖေမြ၊ သူတို့တွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ ပစ္စည်းဥစ္စာ အစစပေါ့ဗျာ၊ စီစဉ်ပေးရတာလည်း ဖတ်ဖတ်ကိုမော ပဲ။
ဖေမြ  ။ဝတ္တရားမကျေဘူး အပြောခံရမှာစိုးလို့လား- ကိုသာလှရဲ့။
သာလှ။  ။အပြောခံရမှာစိုးလှတယ်တော့ မဟုတ်ရပါဘူးဗျာ၊ သူတို့လေးတွေအပေါ်ထားတဲ့ စေတနာမေတ္တာလေးတွေပါ။
ဖေမြ  ။တစ်ခုတော့ရှိတယ် ကိုသာလှရဲ့ အဖေက ဒါးပြ ဆိုရင် သူ့ရဲ့သားသမီးတွေနောင်ရေးအတွက် ဘယ်လိုပြင်ဆင်နိုင်မလဲ။
သာလှ။  ။ဒွိဟဘောင်ပေါ်က မေးခွန်းတွေ မေးမနေစမ်းပါနဲ့ဗျာ- အဖြေကိုလည်းသိလျက်သားနဲ့။
ဖေမြ  ။ဒွိဟဘောင်ပေါ်က မဟုတ်ရပါဘူးဗျာ၊ ဧက၀ုစ်ထဲက ခံစားချက်မေးခွန်းပါ၊ ပုံဆောင်မှုအနေနဲ့ပါ၊ ဆိုလိုတာက ဒါးပြဟာမညာတတ်တော့ဘူးလား နောက်ပြီး သူများသားမယားကိုမစော်ကားတတ်တော့ဘူးလား နောက်ပြီး လူ့အသက်ကိုကော။
သာလှ။  ။ဒါ သူ့အလုပ်လေ။
ဖေမြ  ။သင်သည် အဆိုးဖြစ်လျက်ပင် သားကမုန့်ကိုတောင်းလျှင် မြွေကိုပေးမည့်သူသင်တို့တွင် တစ်စုံတစ်ယောက်ရှိသလော တဲ့။
သာလှ။  ။ကိုယ့်သားသမီးက မုန့်ကိုတောင်းရင် မပေးနိုင်ရင်တောင်မှ မြွေကိုတော့မပေးပါဘူးဗျာ- ကိုဖေမြကလည်း ပေါက်ပေါက်ရှာရှာ။
ဖေမြ  ။ပေါက်ပေါက်ရှာရှာမဟုတ်ဘူးနော် ကိုသာလှ- ယေရှုခရစ်တော်ကိုယ်တိုင် ပြောခဲ့တာ၊ ကိုယ့်သားသမီးအကျိုးအတွက် ကိုယ်မတတ်နိုင်ရင်တောင်မှ မနစ်နာစေချင်တာ မိဘတိုင်းရဲ့စေတနာပါ၊  ဟုတ်တယ်မဟုတ်လား ကိုသာလှရဲ့။
သာလှ။  ။ဟုတ်တယ်ဗျာ ကိုဖေမြ ကျုပ်လျှောက်နေရတဲ့ ဘ၀လမ်းမျိုး သူတို့ကိုမလျှောက်စေချင်ဘူးဗျာ၊ သူတို့လေးတွေရဲ့အနာဂတ်တောက်ပစေချင်တယ်။
ဖေမြ  ။အိုး ဟိုး- ဘယ်လိုဘ၀လမ်းမျိုးလျှောကနေရလို့လဲ- ကိုသာလှရဲ့။
သာလှ။  ။အကောင်းဆုံးမိတ်ဆွေ မရှိပဲနဲ့ လျှောက်လှမ်းရတဲ့ ဘ၀မျိုးလေ။
ဖေမြ  ။ အကောင်းဆုံးမိတ်ဆွေ ဆိုတာ ဘာကိုဆိုလိုလဲဗျ။
သာလှ။  ။ယေရှုခရစ်တော်ကို ပြောတာပါဗျာ။ အကောင်းဆုံး အတောက်ပဆုံးနေ့ရက်များကို ရောက်နိုင်ဖို့ ကျုပ်ကြိုးစားခဲ့လှပါသကောဗျာ၊ မရောက်နိုင်ဘူးဆိုတာလည်း ကျုပ်သိခဲ့ရတယ်၊ ယေရှုခရစ်တော်အားဖြင့်သာ ရောက်ရှိနိုင်မယ်ဆိုတာနားလည်လိုက်တယ်၊ ဒါပမယ့် ကျုပ်- ကျုပ်ကိုကျုပ် မကျောင်းနိုင်ခဲ့ဘူးဗျာ၊ ကျုပ်ကတာဝန်မကျေပါဘူးဗျာ။
ဖေမြ  ။ယေရှုခရစ်တော်ဟာ ပဲ့ကိုရှင်ပါ ပဲ့နင်းပေါ့ဗျာ အဲဒါကို ရင်ဘတ်ထဲထည့်ထားပါ၊ ပြီးရင် ဆုတောင်းပါ ကိုသာလှ ဆုတောင်းပါ။
သာလှ။  ။ကျုပ်အတွက်လည်း ဆုတောင်းပေးပါ ကိုဖေမြ။
ဖေမြ  ။ဆုတောင်းပေးပါ့မယ်ဗျာ။
သာလှ။   ။ဝမ်းသာသပဗျာ။
ဖေမြ  ။ကိုယ့်ရဲ့အနာဂတ်အတွက်တောင် မစီမံနိုင်ပဲနဲ့ ကိုယ့်သားသမီးရဲ့အနာဂတ်အတွက် လူတွေ စီမံတတ်ကြတယ် ပုံသွင်းတတ်ကြတယ်။ ကဏန်းမကြီးက သူ့ခလေးတွေကို တည့်တည့်သွားစေချင်တယ် ဒါပေမယ့် သူသွားပြနေပုံက ဘေးတိုက်ဘေးတိုက်ပဲနော်။
သာလှ။  ။ဟုတ်တယ် ကျုပ် ဘေးတိုက်သွားနေသလို ဖြစ်နေပြီ။
ဖေမြ  ။ယေရှုခရစ်တော်အားဖြင့် ဘ၀ဟောင်းကိုစွန့်ပစ်ပါ၊ ယေရှုခရစ်တော်အားဖြင့် အသက်တာကိုပြုပြင်ပါ၊ ယေရှုခရစ်တော်ထံ အသက်တာကိုအပ်နှံပါ။ ဒါဆို ကိုသာလှရဲ့ ရင်မောနေတဲ့ဘ၀ကနေ အစဉ်ချောနေတဲ့ ဘ၀ကိုပြောင်းလှဲသွားလိမ့်မယ်။
သာလှ။  ။ပြောင်းလှဲပါ့မယ်ဗျာ။
ဖေမြ  ။နှလုံးသားထဲ အမြဲထည့်ထားလိုက်စမ်းပါ။
သာလှ။  ။ထည့်ထားပါ့မယ်ဗျာ။
ဖေမြ  ။ခလေးတွေ ခင်ဗျားကိုကြည့်နေတယ်နော်။
သာလှ။   ။သြော်- ဟုတ်သားပဲ ခလေးတွေ ကျုပ်ကိုကြည့်နေကြတယ်။

God Bless You
Brother Aung