လူ့ကျင့်ဝတ်
ဖေမြ။ ။လာဗျာ- ကိုသာလှ ထိုင် ကျုပ်ဆီမရောက်တာ အတော်ကြာပြီနော်။
သာလှ။ ။ထိုင်တာပေါ့ဗျာ- တကတည်းမှပဲ လူတွေကလည်းဗျာ။
ဖေမြ။ ။ဘာများလဲဗျာ- အထိတ်တလှန့်သံစဉ်လေးတွေနဲ့ဆိုတော့လေ
- မေးပါရစေဦး။
သာလှ။ ။ဘာမှမဟုတ်ပါဘူးဗျာ- ခေါင်းရင်းအိမ်က မစိန်တင့်တို့
စည်းကမ်းမရှိပုံက-
ဖေမြ။ ။မီးလှောင်ရာ လေပင့်လိုက်ဦးမယ်- ဘယ်လိုစည်းကမ်းမရှိတာလဲဗျ။
သာလှ။ ။လမ်းပေါ်မှာရှိတဲ့ အမှိုက်ပုံးကို အိမ်ထဲကနေ အမှိုက်လှမ်းလှမ်းပစ်သဗျ၊
ဘယ်ဝင်မလဲ၊ အဖုံးကလည်းပိတ်ထားတယ်လေ၊ နောက်ဆုံးအမှိုက်တွေကကျုပ်အိမ်ရှေ့ရောက်ရောက်လာတော့တာပဲ၊
ခဏလာပြီး အဖုံးလေးဖွင့်ပစ်ရင်ကော ဘာဖြစ်သွားမှာမို့လို့လဲ၊ ခြေသလုံး ၀မ်းကြီးသွားမှာမို့လို့လား၊
လက်သည်အပ်စရာမလိုတဲ့ဟာကို။
ဖေမြ။ ။အေးဗျာ- လူတွေကလည်း စည်းကမ်းနဲ့ အစေးမကပ်ကြဘူးနဲ့တူတယ်။
စင်္ကာပူမှာ လာပြီးအကဲစမ်းတဲ့ မိုက်ကယ်ဖေး ကို ကြိမ်ဒဏ်ပေးသလိုမျိုးပေးမှနဲ့တူတယ်။
သာလှ။ ။ကျောတစ်ရာ ရင်တစ်ရာဗျာ၊ အော်သံကြားနေသေးရင် နောက်တစ်ရာ၊
အသက်ရှူနေသေးရင် နောက်တစ်ရာဗျာ။
ဖေမြ။ ။အဲလောက်တော့ မရက်စက်ပါနဲ့ ကိုသာလှရယ်၊ ခင်ဗျားဝင်လာတုန်းက
ကျုပ် ကွမ်းတိုင်ခြေရင်းမှာ ကွမ်းတံတွေး ထွေးခဲ့သေးတယ်လေ၊ ခြံဝမှာ ကွမ်းတံတွေး မထွေးရ
လို့ ဆိုင်းဘုတ်ကြီး ထောင်ထားတာ ဟီးနေတာပဲနော်။
သာလှ။ ။ဘွာတေးဗျာ- ဘွာတေး ဟဲဟဲဟဲ။
ဖေမြ။ ။ဒေသနာကျမ်းလာ စကားကတော့ “အဓမ္မအမှုကို အလျင်အမြန်
စစ်ကြော၍၊ ဒဏ်မပေးသောကြောင့်၊ လူသားသည် အဓမ္မအမှုကိုပြုခြင်းငှါ ခိုင်မာစွာသဘောထားကြ၏”
တဲ့။
သာလှ။ ။ဟုတ်လှပါသကောဗျာ ဟုတ်လှပါသကော၊ ဒါကြောင့် “အမှိုက်မပုံရ”
ဆိုင်းဘုတ်အောက်မှာ အမှိုက်တွေ တစ်လှေကြီးတွေ့နေရတာကိုး။
ဖေမြ။
။တစ်နေ့ င်္သချိုင်းဟောင်းတစ်ခုရှေ့က ဖြတ်းသွားရင်းနဲ့ “အင်း- ဒီနေရာတော့ လူတွေအမှိုက်လာပစ်ကြတော့မှာပဲ”
လို့တွေးမိတယ်။နောက်တစ်ရက် အဲဒီရှေ့ကဖြတ်အသွား မော်တော်ကားနဲ့အမှိုက်လာပစ်နေသဟ။
သာလှ။ ။ဘယ်ကလူတွေလဲ- မင်းကြီးတာကလား။
ဖေမြ။ ။ဟုတ်သပဗျာ ဟုတ်သပ၊ နောက်ဘယ်ကြာမလဲဗျာ ဟိုဟိုဒီဒီ
က လာပစ်ကြတော့ အမှိုက်ပုံကြီးဖြစ်လာတယ်ဗျ၊ နောက်တော့ အမှိုက်ပုံကြီးပေါ်မှာ “အမှိုက်မပုံရ”
ဆိုတဲ့ ဆိုင်းဘုတ်ကြီးပေါ်လာသဟ။
သာလှ။ ။ဖြစ်စဉ်ပြောင်းပြန်တွေပါလားနော်။
ဖေမြ။ ။ဒေသနာကျမ်းလာစကားကတော့ ရှင်းပါတယ် “အဓမ္မလူကား ဘုရားသခင်ရှေ့တော်၌
မကြောက်ရွံ့သောကြောင့်၊ ကောင်းသောအကျိုးကို မခံရ။ အရိပ်နှင့်တူသော မိမိအသက်သည်လည်း
မရှည်ရ။” တဲ့။
သာလှ။ ။သြော် ဒါကြောင့် ဘရုတ်သုက္ခတွေနဲ့ ဆရာဟိန်းစိုးကြီးပြောသလိုပြောရရင်
ဘာလဟာရောင်စုံပြနေတာပေါ့ဗျာ။
ဖေမြ။ ။စည်းကမ်းသည်လူ၏တန်ဖိုးဆိုတာ လူတွေအလေးမထားသ၍ မိမိရဲ့တန်ဖိုးကိုမိမိရဲ့စည်းကမ်းနဲ့ဖေါ်ပြနေကြဦးမှာပါ-
ကိုသာလှ။
သာလှ။ ။ပထမဆုံး စည်းကမ်းဆိုတာ ဘာလဲသိသင့်တယ်၊ ခွေးခေါင်းဒါးစက်ကိုရောပေါ့။
ဖေမြ။ ။နောက်တော့ သင် သင့်တယ်။
သာလှ။ ။နောက်တော့ ကျင့် သင့်တယ်။
ဖေမြ။ ။ဟုတ်တယ် အဲဒါ လူ့Ethic ပဲ။
God Bless You
Brother Aung